Friday, November 28, 2008

This is love letter poem...

ရည်းစားစာ...
စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါဘ၀ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ။

မပျံသန်းနိုင်တဲ့ဌက် လို့ပြောတိုင်း
ပင်ဂွင်းဌက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး ။။
ကျောင်းအုပ်ကြီး ဖတ်ဖို့ ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ။။
နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ ။ ။
(တာရာမင်းဝေ ရဲ့ ကဗျာလေးပါ။)

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

I want you to know that...

သိစေချင်
Work while you work ;

Play while you play ;
This is the way
To be cheerful and gay.....

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Which is the most valuable...

Which is the most valuable for us...
Money , friends or hope...

Who loses money , loses much ;
Who loses friends , loses more ;
Who loses hope , lose all......

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Wednesday, November 26, 2008

ကဗျာလေးထပ်တင်ထားပါတယ်။

ချစ်သောသူ သိစေချင်
မျက်စိမှိတ်ထားပါလျက်၊

ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ရောက်နေပါလျက်၊
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားမည့် အရာမှာ
(မီး) ချစ်သူသာ ဖြစ်ပါ၏။

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

ကဗျာလေးတင်ပေးပါလို့ တောင်းဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ။

အရိပ်များ >>>><<<<
လမရှိပါ... လ၏အစား ၊ ချစ်သူ့ ပါးပြင် ပါးကွက်ထင်....။
ကြယ်မရှိပါ ...
ကြယ်၏အစား ၊ ဖန်သားလဲ့ပြာ
မဟူရာနက် ၊ သူ့ မျက်ဝန်းတွင်
ရွှန်းလက်စင်...။
ည မရှိပါ ...
ည၏အစား ၊ နွမ်းပါးနိမ့်ကျ
ငါ့ ဘ၀တွင် အရိပ်ထင် ...။

သည်အခါ၌
မေတ္တာဟူသည် ၊ မယုံကြည်ပါ
လ , သည် ၊ ကြယ် , သည် ၊ ညလယ်မွေ့ပျော်
အဖော်မစစ် ၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ ၊ ညများစွာ၏
အနာဂတ်သည် ၊ အိမ်မက်ရှည် ။
မှတ်ချက်။ ကိုရဲ၏ မသုံးတော့သော ဘလော့ထဲမှ ကူးယူပါသည်။I'm sorry...

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

The best for the youth's bright

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊
ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။
ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့
ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း
ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။

ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့
အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင်
ဝင်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး
ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့
သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ
ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။


၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား

တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို
အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို
စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား
ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ
ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား
ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့
သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး
ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို
အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့်
ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ)
လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။

သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက
ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး
ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ
ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့
အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို
ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။
အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘဝ
ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ
သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း
သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း
ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက
အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက
ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့
သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန်
မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။

ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော်
နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ်
ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း
အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ
ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ
အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊
တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့
အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင် "ပညာကို
အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း" တခုတည်းရှိတယ်လို့
ဆုံးမပြောဆိုခဲ့တယ်။

သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင်
အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့
အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ
အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ
ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့
ပုံသက်သေ ဥပမာတွေ အများကြီးပါ။

မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊
ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။
ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။
မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။

ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့
တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင်
အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင်
တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ
ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time
အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University
မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့
တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို
တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က
ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ
အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ
၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။
မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ
တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့
အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ
မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။

Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့
အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ်
ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး
ရှိပါတယ်။

အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…

အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa,
Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ
အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန်
ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank
Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး
ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့
ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊
လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့
ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့
သောက်သောက်လဲ ကုန်သွားလိမ့်မယ်။

ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။
ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။
ဘယ်လိုလျှောက်ရမလဲဆိုတာ
http://singapore.usembassy.gov/general_information.html အင်တာနက်
ဝဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက်
လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊
ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့
သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ
ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း
စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။

၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ
အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ
များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ်
လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ
ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁)
နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။
အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့်
ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့
လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို
အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့
ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅
နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင်
ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ
Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။
တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။
ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁
နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့
နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို
Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး
ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို
Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး
ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ -
http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့
အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။
စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား
ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist
Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့်
ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊
သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့်
ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa
ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို
နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း
ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ
ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို
မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။
ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား
အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင်
ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။
အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း
တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့
အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့
စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ
ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 =
S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ
သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀
အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ်
ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့
အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။
စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့
အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer,
Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့
သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့
လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။
ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့
အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ်
လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး
ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင်
ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့
မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ
ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ်
အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့်
ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ
ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး
ဆိုတာလည်း သိထားရမယ်။

၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ
ရင့်ကျက်စပြုတဲ့ လူကြီး

မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ
စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု
အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ
ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment
1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀
နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး
ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့
အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ
ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ
ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား
အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။

ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့
စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။
တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို
အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း
ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက်
မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။
မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊
လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။
ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ
စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့
ခေါ်ပါတယ်။

စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့
နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို
စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ်
လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က
အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ
မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို
အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။

ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ -
မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊
ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊
ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက
ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။
ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊
မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း
လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။
သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊
ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။

နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး
ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ
ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့
အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ
ဖြစ်နေပြီ ကြားရတယ်။

အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊
ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို
ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့်
ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက
တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ
ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော်
ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက
အခြေခံအကြောင်းအရင်းပါ။

စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက
ဝန်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ
အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits
Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး
သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ်
ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊
ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ
စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့
အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။

ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့်
ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့
သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို
ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက
ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။

နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား
ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့
မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊
အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ
တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့
အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း
သိနားလည်အောင် နှစ်နဲ့ချီ ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ
အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး
သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ်
သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ
ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့
အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same
mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို
သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆
လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့
အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃
ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး
ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆
လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင်
အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ
ပြောလိုက်ရုံပါပဲ။

အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး
ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ
ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင်
အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင်
ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။
စင်္ကာပူလို ကားဈေးမကြီးဘူး။

စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး အမေရိကန်အစိုးရရဲ့ DMV Department of
Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License
Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင်
လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က
တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင်
ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social
Security Number SSN ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့
ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊
လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ
မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long
term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။

အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ
မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ
အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford
University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး
ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ
ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။
စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio
Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant
လှမ်းလျှောက်တယ်။

အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့
ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ
ဝယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို
စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ
EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့
ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ
လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန်
ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း
ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း
ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D
ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။

နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည်
အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ
သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့
အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး
စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ
အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး
ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို
တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ
အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့
မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို
ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး
ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့်
သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။

နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း
ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ
စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊
သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက်
တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ
ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။
လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့
အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ
ရေးရကျိုးနပ်ပါတယ်။
7:00 AM ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် သူမရဲ့မျက်နှာလေးက
အရွယ်နဲ့မလိုက်အောင် အိုစာညှိုးနွမ်းလွန်းလှတယ်။ သူမ ကိုယ်ခန္ဓာက
ကြုံလှီသေးကွေးလွန်းလှပြီး နီကျင်ကျင်အသားရေနဲ့ ခြေထောက်တွေမှာ
ရွှံဗွက်အလိမ်းလိမ်းနဲ့ ပေကျံ ညစ်ပတ်နေပါတယ်။

တိုက်ခန်းထဲ ရောက်တယ်ဆိုရင်ပဲ အပ်ချည်ချူပ် အဖာရာတွေပြည့်နေတဲ့ သူမရဲ့
ခပ်စုတ်စုတ်လွယ်အိတ်လေး ထဲက သေသေသပ်သပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ်ကို
ဆွဲထုတ်ပြီးအပေါင်ဆိုင်ပိုင်ရှင်ရဲ့လက်ထဲကို အပ် လိုက်တယ်။

သူမဟာ အထုပ်ကို ယူစစ်ဆေးနေတဲ့ ဆိုင်ရှင်ကိုပဲ အရောင်လက်နေတဲ့
မျှော်လင့်ချက် မျက်လုံး တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။Type your
summary here.

အထုပ်ထဲမှာ ပါလာတာကတော့ အရောင်ခပ်မွဲမွဲ ပါတိတ်ထဘီလေးတထည်ဖြစ်ပြီး
ဆိုင်ရှင်က အထည်ကို သေသေချာချာ လှန်လှော စစ်ဆေးနေတယ်။

"သုံးရာရမယ်"ဆိုတဲ့ အပေါင်ဆိုင်ရှင်ရဲ့ စူးရှတဲ့အသံထွက်ပေါ်လာတယ် ဆိုရင်ပဲ
ကျောင်းသူကလေးမရဲ့ အရောင်တောက် တဲ့ မျက်လုံးတွေက
ဖျော့တော့နွမ်းလျသွားပါတယ်။

"အန်တီရယ် ငါးရာတော့ပေးပါ။ သမီး
ဒီနေ့ကျောင်းစာအုပ်ဖိုးသွင်းရမှာမို့လို့ပါ"ဆိုတဲ့ တိုးညင်းလှတဲ့အသံလေးက
သနား စဖွယ် ပေါ်ထွက်လာပါတယ်။ ဆိုင်ရှင်က ကျောင်းသူမလေးကို တချက်
စိုက်ကြည့်လိုက်ပြီး အထည်ကို ကြိုးနဲ့ ချည်နှောင် ထုပ်ပိုးပြီး
စာရင်းသွင်းလိုက်ပါတယ်။

ခဏကြာတော့မှ ဆိုင်ရှင်က ငွေငါးရာနဲ့ အဖြူရောင်ဘောက်ချာလေးတခုကို
ကျောင်းသူမိန်းကလေးဆီ သံဆန်ခါတွေ ကာရံထားတဲ့ အပေါက်လေးထဲကနေ
လှမ်းပေးလိုက်ပါတယ်။

အဲဒီနောက်မှာ ကျောင်းသူကလေးမဟာ ငွေငါးရာနဲ့ ဘောက်ချာကို
လွယ်အိတ်ထဲထည့်ပြီး ရွှင်လန်းတက်ကြွ တဲ့ အသွင် အပြင်နဲ့
မိုးပေါက်လေးတွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်ကို အမိုးအကာမပါဘဲ
ပြေးထွက်သွားပါတော့တယ်။

ရတနာ အပေါင်ဆိုင်ထဲမှာတော့ ပစ္စည်းပေါင်ပြီးငွေချေးဖို့ ရောက်နေကြတဲ့
အမျိုးသား၊ အမျိုးသမီးတွေက ကျောင်းသူ ကောင်မလေးကို စိတ်မကောင်းကြီးစွာ
လှမ်းမျှော်ကြည့်နေကြပါတယ်။

သူတို့တွေအားလုံးရဲ့မျက်နှာမှာ ကလေးမကိုသနားစာနာတဲ့ အမူအရာတွေနဲ့
ကူညီရိုင်းပင်းလိုတဲ့ အသွင်အပြင်တွေ အထင်း သားပေါ်လွင်နေပါတယ်။ ဒါပေမယ့်
သူတို့ကိုယ်တိုင်လည်း ကျောင်းသူကလေးမလေးလိုပဲ စားဝတ် နေရေးနဲ့ စီးပွားရေး
အကြပ်အတည်းဖြေရှင်းဖို့အတွက် အပေါင်ဆိုင်မှာငွေချေးမလို့ ရောက်နေကြ သူတွေ
ပါပဲ။

"နာဂစ် မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်း အ၀တ်အထည်နဲ့
အိုးခွက်ပန်းကန်တွေ အများဆုံးလာပေါင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးထဘီနဲ့
ဒန်အိုးဒန်ခွက်တွေကတော့ အများဆုံးလက်ခံရတဲ့ အပေါင်ပစ္စည်းတွေပဲ"လို့
လှိုင်သာယာမြို့နယ်က ပုဂ္ဂလိကလိုင်စင်ရငွေချေးလုပ်ငန်း အပေါင်ဆိုင်
ပိုင်ရှင်တဦးက ပြောပါတယ်။

နာဂစ်မုန်တိုင်း မတိုက်ခတ်မီကပင် ရန်ကုန် နယ်နမိတ်အတွင်းဖွင့်လှစ်ထားတဲ့
လိုင်စင်ရ ပုဂ္ဂလိက ငွေချေး လုပ်ငန်းတွေမှာ ပစ္စည်းလာရောက်ပေါင်နှံသူတွေ
အများအပြားရှိနေပြီး နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းမှာ
အပေါင်ဆိုင်ကိုလာရောက် တဲ့သူတွေ အလွန်ပေါများလာတယ်လို့
အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

"အိမ်တွေပြို ၊ အလုပ်အကိုင်တော်တော်များလည်း ရပ်ကုန်တော့ လူတွေက
ငွေရဖို့ အပေါင်ဆိုင်တွေကို အားကိုး လာရ တယ်။ ကျနော့်ဆိုင်မှာ အရင်တုန်းက
တနေ့ကို လူ ၆၀ နဲ့ ၁၀၀ ကြားလောက်ပျမ်းမျှလာပေါင်တယ်။ နာဂစ်
မုန်တိုင်းနောက် ပိုင်း လာပေါင်တဲ့လူ အရေအတွက် အရမ်းများလာတယ်"ဟု
အင်းစိန်မြို့နယ် အင်းစိန် ဈေးအနီးရှိ အပေါင်ဆိုင်လုပ်ငန်းရှင် တဦးက
ဆိုပါတယ်။

နာဂစ် မုန်တိုင်းနောက်ပိုင်း အင်းစိန်မြို့နယ်အတွင်းရှိ
အပေါင်ဆိုင်တွေမှာ နေ့စဉ်လာရောက်ပေါင်နှံတဲ့ လူဦးရေ ၂၀၀ နဲ့ ၃၀၀
အကြားရှိနေပြီး အများစုမှာ အ၀တ်အထည် ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နဲ့
မီးဖိုချောင်သုံး ပစ္စည်း တွေ ပေါင်နှံကြတယ်လို့ သိရပါတယ်။
"ပစ္စည်းလာပေါင်ကြတဲ့ လူတွေက တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေ၊
အောက်ခြေအဆင့် အစိုးရ ၀န်ထမ်းတွေ အများဆုံးလာကြတယ်"လို့ လှိုင်မြို့နယ်မှ
အပေါင်ဆိုင်ပိုင်ရှင်တဦးကလည်း ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အပေါင်ဆိုင်တွေမှာလည်း လက်လုပ်လက်စား
အခြေခံလူတန်းစားတွေ အများဆုံး လာ ရောက်ပေါင် နှံကြပြီး နေ့ချင်းပြန်
ပစ္စည်းတွေပေါင်နှံရွေးယူမှု များပြားကြောင်း လှိုင်သာယာအပေါင်ဆိုင် တွေရဲ့
အပြောအရသိရပါတယ်။

"မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်တွေလာပေါင်ပြီး အလုပ်သွားလုပ်ဖို့
လမ်းစရိတ်နဲ့ မနက်စာ မုန့်လေး ဘာလေးစားဖို့ စရိတ်ရှာတယ်။
ညနေအလုပ်ကပြန်လာတဲ့ အခါ မနက်က ပေါင်ထားတဲ့ ဒန်အိုးဒန်ခွက်တွေကို
အတိုးရော၊ အရင်းပါဆပ်ပြီး အိမ်မှာထမင်းဟင်းချက်ဖို့ အိုးခွက်
တွေပြန်ရွေးတယ်။ အဲလို နေ့စဉ်ပေါင်နှံ လမ်း
စရိတ်ရှာပြီးအလုပ်သွားတယ်"လို့ လှိုင်သာယာ ၂၁ ရပ်ကွက်မှာနေထိုင်ပြီး
ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့
နေ့စားပန်းရံဆရာတဦးက ဆိုပါတယ်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး လစာနဲ့မလုံလောက်တဲ့အတွက်
ဝန်ထမ်းများအနေနဲ့လည်း ပစ္စည်းပေါင် ငွေချေးငှားကြရပြီး လစာရရှိချိန်
ပြန်လည်ရွေးလိုက် လုပ်ရကြောင်း၊ အပေါင်ဆိုင်တွေနဲ့ကင်းရှင်းတဲ့
ဝန်ထမ်းရယ်လို့ အင်မတန်ရှားတယ်လို့ ဆိုကြပါတယ်။

"လကုန်ပြီး ၁၂ ရက်လောက်ဆိုရင် လက်ထဲမှာပိုက်ဆံပြတ်သွားပြီ။ တနေ့စာ တနေ့
စားဖို့ အပေါင်ဆိုင်တွေကို ပြေးရတယ်။ အရင်က ဌာနကပေးတဲ့ ဆန်၊ ဆီ တွေရတော့
စားဖို့ကို ရှိတာနဲ့ ဖြစ်သလိုစားတော့ အပေါင်ဆိုင်တွေ သိပ်သွားစရာမလိုဘူး။
ဒါပေမယ့် အစိုးရလစာတွေ တိုးမြှင့်ပြီးနောက်ပိုင်းတော့ ဆန်၊ ဆီတွေ
မရတော့တဲ့ အတွက် အပေါင်ဆိုင်နဲ့ ၀န်ထမ်းတွေ ထိတွေ့လာရတယ်"လို့
တပ်မတော်ချည်မျှင်နဲ့ မိုးရေကာဖျင် ၀န်ထမ်း တဦးက ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ
အပေါင်ဆိုင်လုပ်ငန်းက တခုအပါအ၀င် ဖြစ်တဲ့အတွက်
လုပ်ကိုင်လိုသူပေါများပြီး နှစ်စဉ်အပေါင်ဆိုင် အရေအတွက်တိုးများလာတယ်လို့
အပေါင်ဆိုင် လုပ်ပိုင်ခွင့်လိုင်စင် ချပေးတဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်မြင့် အရာရှိကြီးတဦးက
ပြောပြတယ်။

သူ့ အဆိုအရ ရန်ကုန်မြို့မှာ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ်က အပေါင်ဆိုင် ၁၃၇
ဆိုင်၊ ၂၀၀၁-၂၀၀၂ ခုနှစ် ဘဏ္ဍာရေး နှစ်မှာ အပေါင်ဆိုင် ၁၆၀ ၊၂၀၀၂-၂၀၀၃
ခုနှစ်မှာ ၁၆၂ ဆိုင်၊ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ၁၆၂ ဆိုင်၊၂၀၀၄-၂၀၀၅ ခုနှစ်မှာ
၁၈၉ ဆိုင်၊၂၀၀၅-၂၀၀၆ ခုနှစ်မှာ၂၁၄ ဆိုင်၊ ၂၀၀၆-၂၀၀၇ မှာ ၂၅၀ ဆိုင်၊
၂၀၀၇-၂၀၀၈ မှာ ၂၅၅ ဆိုင် ရှိပြီး အခု ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ
အပေါင်ဆိုင် ၂၅၆ ဆိုင်ရှိကြောင်း သိရှိရ ပါတယ်။

အပေါင်ဆိုင်လိုင်စင်ရဖို့ လုပ်ငန်းရှင်တွေအပြိုင်အဆိုင်လေလံဆွဲတဲ့နေရာမှာ
စည်ပင်ကို လာဘ်ငွေထိုးရပြီး လာဘ်ငွေအများ ဆုံးပေးနိုင်တဲ့သူတွေသာ
လိုင်စင်ရနိုင်တယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ရှင်းပြတယ်။
(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
"ရန်ကုန်ဆင်ခြေဖုံးမြို့နယ်မှာ အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေး
သိန်းငါးဆယ် သွင်းရမယ်ဆိုရင် နောက်ထပ် စည်ပင် ကို လိုင်စင်ရဖို့ သိန်း
၂၀ လောက် လာဘ်ထိုးရတယ်။ အားလုံးပေါင်း လိုင်စင်ကြေးအတွက်ချည်းပဲ ငွေသိန်း
၇၀ လောက် ကုန်တယ်"လို့ လှိုင်သာယာမြို့နယ်မှ အပေါင်ဆိုင် ပိုင်ရှင် က
ပြောပြတယ်။

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Tuesday, November 25, 2008

အချစ်ဆုံးသို့....

အလည်လာသူများလည်း ကောင်လေးလို အဖြစ်ဆိုးနဲ့ မကြုံကြပါစေနဲ့လို့ဆုတောင်းလျက်ပါ။

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။

အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Saturday, November 22, 2008

Funny Drawings

ပုံလေးတွေ ဆွဲကျင့်ရအောင်နော်။


အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Tuesday, November 18, 2008

Monday, November 17, 2008

Anger


anger is not love
anger is driking
anger is killing someone
anger one thing never do
love, anger love not anger
anger is ramming you head throug a glass door

when your are man you do stupid things
stupid things that are stupid
when mad you dont feel nuthing
anger we all have
anger you cant change

when mad stays
stay away from everyone
anger can kill because you do stupid things
when mad sleep
anger just anger
ANGER

kerri king

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

school just school


School we need it
school, friends
school you have teachers
school is great
high school is even better
college, PARTIES

school you mite find your true love
new experiences everyday
school, dances
school just school
school who dose not love it
school is fun

school, preps
school, classes
school, math, science, computer classes
school is great love it
school just school
we need school

kerri king

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Which is the most important for us...???

Health , Wealth or Character

When wealth is lost , nothing is lost ;
When health is lost , something is lost ;
When character is lost , everything is lost ;

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Time Defination...

Time Defination...

Time is...
Too slow for those who wait ;
Too swift for those who fear ;
Too long for those who grieve ;
Too short for those who rejoice ;
swift = quick
fear = feel afraid
grieve = feel sad
rejoice = feel happy

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

မိန်းကလေးများသိစရာ


မိန်းကလေးများကို အန်စေသော ယောက်ျားများအကြောင်းကို ဖတ်ချင်ရင်တော့ အောက်ပါအတိုင်းပါပဲ။

မိန်းမများကို အန်စေသော ယောက်ျား
၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

ဒါလဲ ဘာမှကို မကျန်ပါလား...ကျွန်မရေးမိ အပြစ်ရှိ၏...အဆဲခံရန် အသင့်ပါ...း) ဆီလျော်အောင် ဘာသာပြန်သည်။

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...

Friday, November 14, 2008

ကဗျာ

ကဗျာလေးတင်ပေးပါလို့ တောင်းဆိုတဲ့သူတွေအတွက်ပါ။

အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကိုငါပိုင်တယ်.....
ဆယ့်နှစ်ကြိုးကဝေအတက် နဲ့..............
(ငါရင်ထဲက) မီးခတ်တက် စကားလုံးတွေကို သတ်ငြိမ်း
အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့........(ရွာသူ) ရေ
ရင်ခုန်သံတွေကိုပဲ (ခေါစာ) ပစ်လိုက်တယ်.......
သခင်မ............
ပျော်ပါ........ပါးပါ.......စားပါ........သောက်ပါ........
မရိုမသေ တမ်းတမိတဲ့
ဟောဒီကအမိုက်အမဲကိုလည်း အပြစ်က ခွင့်လွှတ်တော်မူပါ
မီးစတဖက် ရေမူတ်တဖက်နဲ့
အကြည့် လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ.........။
တရားဝင်စစ်ကြေငြာပြီး မတွယ်တာရင်ဘာကိုမှ မလုပ်ချင်ဘူး
ဆိုတဲ့ ဟောဒီက (ငပျင်း) အတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ.....................
အလွမ်းနဲ့ ကြိုးကိုင်သူ
အလွမ်းဆိုတာ အချစ်ရဲ့နောက်ကွယ်က
ကြိုးကိုင်သူလား..........
ဒါဆို သူမ ကကော.........
သူမရဲ့ကျေးကျွန်ဖြစ်တဲ့ငါက.......
သူကရဲ့ကြိုကိုင်မူကိုခံရမှာလား..........
ဒါပေမယ့်........
သူမထားခဲ့တဲ့အလွမ်းတွေကို.........
မျက်ရည်စက်တွေနဲ့.........
ခံစားနေရင်း..........
ငါကတော့........
ဟိုးအဝေးကြီးမှာရှိတယ့်.........
မင်းလေးကိုလွမ်းနေမှာပါ..............

အပြည့်အစုံဖတ်ချင်ရင်နှိပ်ပါ။...