Wednesday, November 26, 2008

ကဗျာလေးတင်ပေးပါလို့ တောင်းဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ။

အရိပ်များ >>>><<<<
လမရှိပါ... လ၏အစား ၊ ချစ်သူ့ ပါးပြင် ပါးကွက်ထင်....။
ကြယ်မရှိပါ ...
ကြယ်၏အစား ၊ ဖန်သားလဲ့ပြာ
မဟူရာနက် ၊ သူ့ မျက်ဝန်းတွင်
ရွှန်းလက်စင်...။
ည မရှိပါ ...
ည၏အစား ၊ နွမ်းပါးနိမ့်ကျ
ငါ့ ဘ၀တွင် အရိပ်ထင် ...။

သည်အခါ၌
မေတ္တာဟူသည် ၊ မယုံကြည်ပါ
လ , သည် ၊ ကြယ် , သည် ၊ ညလယ်မွေ့ပျော်
အဖော်မစစ် ၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ ၊ ညများစွာ၏
အနာဂတ်သည် ၊ အိမ်မက်ရှည် ။
မှတ်ချက်။ ကိုရဲ၏ မသုံးတော့သော ဘလော့ထဲမှ ကူးယူပါသည်။I'm sorry...

No comments: