Saturday, November 8, 2008

The Wedding of Male And Male

လိင်တူချင်းလက်ထပ်ထိမ်းမြားခွင်

့ ဥပဒေပြဌာန်းရန်ကြိုပမ်းမှု မအောင်မြင်

Posted on Nov 07 08 - 09:38 AM | Hits : 422 | Save as PDF

လိင်တူအချင်းချင်း လက်ထပ်ခွင့်အတွက် တိုက်ပွဲဝင်တောင်းဆိုခဲ့သည့် ကယ်လီဖိုးနီးယား Gayများ၏ ကြိုးပမ်းမှုများသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီဟု သိရှိရသည်။ လိင်တူခြင်း ထိမ်းမြားလက်ထပ်ခွင့်အတွက် ဥပဒေအတူပြုရန် တောင်းဆိုမှုများအား ပြည်နယ် ဗဟိုတရားရုံးက ပယ်ချလိုက်ပြီးနောက် လိင်တူခြင်း ထိမ်းမြားလက်ထပ်ရန် မျှော်လင့်နေခဲ့ကြသော Gayစုံတွဲ (၁၈၀၀၀)ကျော်တို့မှ ၀မ်းနည်းပက်လက် ခံစားခဲ့ကြရသည်။ Gayများက ယခုဆုံးဖြတ်ချက်ကို စိတ်ပျက်မိသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေငြာခဲ့သည်။ တရားရုံး ဆုံးဖြတ်ချက်တွင် လိင်တူခြင်း လက်ထက်မှုသည် လူ့အခွင့်အရေး လွတ်လပ်မှု ဆိုသည်ထက် လူ့စည်းကမ်း ချိုးဖောက်မှုတစ်ခု၏ အသွင်ကို ဆောင်နေကြောင်း ပြစ်တင်ခဲ့သည်။ Gayအခွင့်အရေးအတွက် လိုက်လံဆောင်ရွက်ခဲ့သူ ဥပဒေအကျိုးဆောင် အီဗန်ဝုလ်ဖ်ဆန်က ယခုဆုံးဖြတ်ချက်သည် လုံးဝမှားယွင်းကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ လူတိုင်း မိမိနှစ်သက်သည့် လူနှင့်လက်ထပ်ရန် အခွင့်အရေးရှိသင့်ကြောင်း ၎င်းကဆိုသည်။ နိုဝင်ဘာလ (၅)ရက်နေ့က အတည်ပြုလိုက်သော ဥပဒေအရ လိင်တူခြင်းလက်ထပ်ခွင့်ကို လုံးဝလက်မခံကြောင်း ပြည်နယ် ဗဟိုတရားရုံးက အတည်ပြုခဲ့သည်။ တောင်းဆိုမှုကို မဲခွဲဆုံးဖြတ်ရာတွင်လည်း (၅၂)ရာခိုင်နှုန်းက လက်မခံကြောင်း မဲထည့်ခဲ့သည်ဟု သိရှိရသည်။ နိုဝင်ဘာလ (၄)ရက်နေ့က တင်သွင်းခဲ့သည့် အရီဇိုးနားနှင့် ဖလော်ရီဒါ ပြည်နယ်များတွင်လည်း ကန့်ကွက်မဲ (၅၇)နှင့် (၆၂)ရာခိုင်နှုန်းများနှင့် လိင်တူခြင်း လက်ထပ်ခွင့်ကို ပယ်ချခဲ့ကြသည်။ Gayများအနေနှင့် ၎င်းတို့၏ တောင်းဆိုမှု အောင်မြင်မည်ဟု ယုံကြည်ထားခဲ့ကြပြီး ဂျက်ရိုဝီနှင့် ဂျိမ်းစ်အက်ဆလစ်ဆိုသူ Gayနှစ်ဦးမှာ ဆက်ကရာမင်တို ခန်းမဆောင်တွင် နိုဝင်ဘာ(၅)ရက်နေ့က လက်ထပ်ပွဲ ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အာဏာပိုင်များက လာရောက်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။



(လိင်တူချင်းလက်ထပ်ကြသည့် မင်္ဂလာပွဲတစ်ခု)

No comments: