Monday, November 10, 2008

လူဆိုတာ

ဖတ်ကြည်မယ်လေ ဟာသတွေ

မော်စကိုမြို့တနေရာ၊ လူတဦးလမ်းလျှောက်လာသည်၊ တိုက်ပေါ်မှ ..... အုတ်ခဲတချပ်ပြုတ်ကျပြီး ..... ထိုလမ်းလျှောက်သူခေါင်းပေါ် တည့်တည့်ကျ လေသည်၊ လမ်လျှောက်သူ သေလေ ရဲ့ကွယ်၊
ဝိုင်းကြည်နေသူများ ထဲမှ တယောက်က ပြောသည်၊
ကြည်ကြစမ်း.....အစိုးရလက်ထက်မှာဘာကောင်းတာရှိလဲ၊
ိတိုက်ပေါ်က ....အုတ်ခဲပြုတ်ကျတာတောင် ...... လူသေရသတဲ့၊ ဒီအစိုးရလက်ထက် လမ်းတောင်လွတ်လွတ်လပ်လပ်မလျှောက်ရဲတဲ့ဘ၀၊
ထိုစဉ်ကြည်နေတဲ့သူများထဲမှတယောက်ကပြောလေရဲ့၊
သူ့ကိုကျွန်တော်သိပါတယ်ဗျာ၊ အဲ့ဒီလူကအစိုးရအဖွဲ့ဝင်လူတယောက်ဗျ၊
ထိုသူရဲ့စကားအဆုံး.....လူတွေထံမှစကားတွေ တညီတညွတ်ထဲထွက်လာတယြ်ကည်ကြစမ်း.....အစိုးရလက်ထက်မှာဘာကောင်းတာရှိလဲ၊
လမ်းပေါ်တောင်အုတ်ခဲ လွတ်လွတ်လပ်လပ် ကျခွင့်မရှိဘူး၊

ဟားဟားဟား ဟားဟားဟား ဟားဟားဟား

No comments: